နေပြည်တော် ဖေဖော်ဝါရီ ၅
ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁) ရှိ Private Cloud Datacenter ပံ့ပိုးမှုနှင့် နည်းပညာတက္ကသိုလ်(ပခုက္ကူ)မှ ပူးပေါင်းကူညီမှုတို့ဖြင့် နည်းပညာတက္ကသိုလ်(ပခုက္ကူ)သည် Microsoft မှ ပံ့ပိုးပေးသော Office 365 ၏ ပညာရေးအတွက် အခမဲ့ ထောက်ပံ့ပေးသော A1 Plan Subscription အား ရရှိသော တက္ကသိုလ် အဖြစ် ခွင့်ပြုချက် ရရှိသွားပါသည်။ A1 Plan Subscription မှ နည်းပညာတက္ကသိုလ်(ပခုက္ကူ)ရှိ စီမံရေးရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများအတွက် ကိုယ်ပိုင် Domain Name : www.tupku.edu.mm နှင့်အတူ account များဖြစ်သည့် username@tupku.edu.mmအား အကန့်အသတ်မရှိ ဆောက်လုပ် သုံးစွဲခွင့်ကို ရရှိနိင်မည် ဖြစ်ပါသည်။

Please follow and like us: