Ministry of Education

E-Government and ICT Coordination

ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁)တွင် Private Cloud Data Center ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ တည်ဆောက်အသုံးပြုနိုင်ခဲ့ရာ၂၀၁၆-၂၀၁၇ နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်များ တွင် Data Center အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များကို ဆောင်ရွက်ခဲ့ပါသည်။ ပညာရေးဝန်ကြီးဌာနအတွင်းရှိ ဦးစီးဌာနများနှင့်တက္ကသိုလ်များမှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော Online ဝန်ဆောင်မှုများကို လွှင့်တင်နိုင်ရန်အတွက် လိုအပ်သည့် ICT Resources (Virtual Machine, Virtual Storage, Virtual Network အစရှိသည့် Infrastructure as a Service (IaaS) သာမက Operating System, Database system, Public IP address, Domain Name စသည်တို့ပါဝင်သော Platform as a Service (PaaS) ကို ရုံးအမှတ် (၂၁)ရှိ Private Cloud Data Center မှ ပံ့ပိုးဆောင်ရွက်လျက် ရှိပါသည်။ ထောက်ပံ့ပေးထားသော IaaS နှင့်PaaS စနစ်များကို High Availability , Network Security, Application Security ( Website security ) နှင့် Data Protection လုပ်ငန်းစဉ်များဖြင့် စဉ်ဆက်မပြတ်စောင့်ကြည့်ကာ လိုအပ်သလို ပြုပြင်ထိန်းသိမ်း ပေးလျက်ရှိပါသည်။

[PM_Group id=” 8″]