ပညာရေးဝန်ကြီးဌာနသည် ကိုယ်ပိုင် Domain Name ဖြစ်သော @moe.edu.mm ဖြင့် Microsoft Office 365 Server တည်ဆောက်ထားပါသည်
ပညာရေးဝန်ကြီးဌာန၏ ဝန်ထမ်းများ အားလုံးကို @moe.edu.mm အမည်ဖြင့် Office 365 Account များ တည်ဆောက်ပေးလျက် ရှိပါသည်။
@moe.edu.mm Account ရယူလိုသော ဝန်ထမ်းများအနေဖြင့် အောက်တွင် ဖော်ပြထားသည့် စာနမူနာပုံစံအတိုင်း မိမိတို့ သက်ဆိုင်ရာ အရာရှိ၏ ထောက်ခံချက်နှင့်အတူ တောင်းဆိုစာအား egovernemnt@moe.edu.mm သို့ ပေးပို့ကာ လျောက်ထားနိုင်ပါသည်။ ထို့နောက် အောက်တွင် ပါရှိသော QR Code ကို Scan ဖတ်၍ ဖြစ်စေ (သို့) URL အား နှိပ်၍ဖြစ်စေ မိမိတို့၏ ကိုယ်ရေး အချက်အလက်များ ကို ပြည့်စုံစွာ ဖြည့်စွက်ပေးရမည် ဖြစ်ပါသည်။
တောင်းခံစာရရှိပြီးပါက ကိုယ်ရေးအချက်အလက်များအတိုင်း မိမိတို့ အမည်အပြည့်အစုံပါဝင်သော Microsoft Office 365 Account တစ်ခု ရရှိမည် ဖြစ်ပါသည်။
secondary email ထည့်သွင်းပေးထားသူများအား ယင်း email သို့ username, Password ပို့ပေးစေမည် ဖြစ်ပါသည်။
